Local News

မုံရွာကုန်စည်ဒိုင်၏ အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဆီထွက်သီးနှံဈေးနှုန်းများ၏ ယခုတစ်ပတ်နှင့် ယခင်ကာလတူနှိုင်းယှဉ်မှုများ

Last Updated:

နှမ်း(မျိုးစုံ)

နှမ်းမျိုးစုံ ယခုတစ်ပတ်အတွင်း တစ်တင်းလျှင် နှမ်းဖြူ (၁၀၀၀၀၀-၉၇၀၀၀)ကျပ်၊ နှမ်းနက် (၉၈၀၀၀)ကျပ်ရှိပြီး ယခင်တစ်ပတ် ကာလတူအချိန်ပေါက်ဈေးနှုန်းများမှာ တစ်တင်းလျှင် နှမ်းဖြူ (၁၀၃၀၀၀)၊ နှမ်းနက် တစ်တင်းလျှင် (၁၀၁၀၀၀)ကျပ်ပေါက်ဈေးရှိ၍ ယခုတစ်းပတ်နှင့် ယခင်းပတ်နှိုင်းယှဉ်ပါက နှမ်းဈေးနှုန်းများ အနည်းငယ်ကျဆင်းလာကြောင်းသိရသည်။

မြေပဲလုံးဆံ

ယခုတစ်ပတ်တွင် မြေပဲလုံးဆံပေါက်ဈေးများမှာ လုံးဆံဖြူ တစ်ပိဿာ (၆၃၀၀-၆၄၀၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၇၁၀၀-၇၂၀၀)ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၈၅၀)ကျပ်ရှိပြီး ယခင်ပတ် ကာလတူအချိန်တွင်  လုံးဆံဖြူ တစ်ပိဿာ (၆၁၀၀-၅၃၀၀)ကျပ်၊ မြေပဲလုံးဆံနီ တစ်ပိဿာ (၆၉၀၀-၇၀၀၀) ကျပ်၊ ဆီဆံဖြူ တစ်ပိဿာ (၅၈၀၀)ကျပ်ပေါက်ဈေးရှိပါသည်။ယခုတစ်ပတ်နှင့် ယခင်တစ်ပတ်ကာလတူနှိုင်းယှဉ်ပါက မြေပဲလုံးဆံဈေးနှုန်းများ အနည်း ငယ်မြင့်တက်နေကြောင်းသိရသည်။ ယခုတစ်ပတ် မုံရွာကုန်စည်ဒိုင်တွင် ပဲဆီ တစ်ပိဿာလျှင် (၁၁၅၀၀-၁၂၀၀၀) ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် (၁၀၅၀၀-၁၁၀၀၀)ကျပ်ထိ ပေါက်ဈေးရှိပြီး နှမ်းနှင့်မြေပဲလုံးဆံဈေးများမြင့်တက်လာ၍ ဆီဈေးနှုန်းလည်း မြင့်တက်လာကြောင်းသိရသည်။

ဇေယျာကုန်သွယ်မှုဗဟိုဌာ

Category: Local News